Sunday, November 30, 2008

ဘလော့် လေးတစ်ခုဖြစ်တည်လာခြင်း။

ကျွန်တော်တို့ တွေရဲ့ ရင်ခုန်သက်တမ်းလေး မှာ အမှားအမှန်တွေကြားက အတတ်နိုင်ဆုံး ရိုးသားစွာ အမှန်တရားလေးရှာရင်း ဘ၀အတွေ့အကြုံလေးတွေကို ကိုယ်ရော တစ်ပါးသူပါ အမှတ်ရစေမယ့် “အမှတ်တရလေး” တွေ အဖြစ် ရေးသား ခံစားဖို့ ရည်ရွယ်ပါတယ်။

ပျော်ရွှင်ချမ်းမြေ့ပါစေ။
ဟိန်းဇော်မောင်

Saturday, November 29, 2008

မင်္ဂလာအပေါင်း ပြည့်စုံကြပါစေ


တောင်တန်းသာသနာပြု ရေဆူဆရာတော်ဘုရား၏ (၂၄) ပစ္စည်း ပဋ္ဌန်း အနက်အဓိပ္ပါယ်ကို ဓမ္မာဒါန ပြုပါသည်။
(၁)ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
(အမြစ်သဖွယ် ကျေးဇူးပြု တတ်သောတရား)
(၂)အာရမ္မဏပစ္စယော-မျက်စေ့နှင့်နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား။ (အာရုံ (၆)ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၃) အဓိပတိ ပစ္စယော - ရုပ်နာမ်နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား။ (အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၄) အနန္တရ ပစ္စယော - များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား။ (တဆက်တည်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၅) သမနန္တရ ပစ္စယော - ရုပ်နှင့် နာမ်အတူရှိသော တရားတို့ကို မျက်မှောက်ပြုရပါစေသား။ (တဆက်တည်း အကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၆) သဟဇာတ ပစ္စယော - ရုပ်- ရုပ်ခြင်း နာမ်-နာမ်ခြင်း ထင်ရှားစွာသိရပါစေသား။ (အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၇) အညမည ပစ္စယော - ရုပ်မှနာမ်သို့ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား။ (အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား)
(၈) နိဿယ ပစ္စယော - ရုပ်နာမ် နှစ်ပါးတို့၏ တည်ရာကို သိရပါစေသား။ (မှီတည်ရာ ဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၉) ဥပနိဿ ပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။ (အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၁၀) ပုရေဇာတ ပစ္စယော - ရှေးက ဖြစ်သောအကုသိုလ် ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။ (ရှေး၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သောတရား)
(၁၁) ပစ္ဆာဇာတ ပစ္စယော - နောက်၌ဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသုလ်ကို မျက်မှောက်ပြုရပါစေသား။ (မောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၁၂) အာသေ၀န ပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။ (အဖန်တလဲလဲ ထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၁၃) ကမ္မ ပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။ (မျိုးစေ့ ဖြစ်စေခြင်းဖြစ် ကျေးဇူးပြုတတ်သောတရား)
(၁၄) ၀ိပါက ပစ္စယော - ၀ဋ်ကျွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။ (ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၁၅) အဟာရ ပစ္စယော - လိုရာကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ကျပါစေသား။ (ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၁၆) က္ကနြိယ ပစ္စယော - ရုပ်နမ်ကို ထိန်းသိမ်းတတ်သောပညာနှင့် ပြည်စုံရပါစေသား။ (အစိုးရသည် ဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၁၇) ဈာန ပစ္စယော - သူတော်ကောင်းတရား (၇)ပါး။ဥာဏ်စင် (၅)ပါးတိုနှင့် ပြည်စုံရပါစေသား။ (ကပ်၍စူးစူးစိုက်စိုက်ယူတတ်သည် ကျေးဇူးပြုတတ်သောတရား)
(၁၈) မဂ္ဂ ပစ္စယော - ဘာဝနာ (၂)ပါးအပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကို ရပါစေသား။
(၁၉) သမ္မယုတ ပစ္စယော - သူတော်ကောင်းတို့ နှင့် ပေါင်း၍ (၇)ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။ (ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၂၀) ၀ိမ္မယုတ္တ ပစ္စယော - သူယုတ်နှင့်ဝေး၍ အကုသိုလ်ကင်းရှင်းရပါစေသား။ (မယှဉ်သည် ဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၂၁) အတ္ထိ ပစ္စယော - သမုတိနယ်၏ အသိကို ဟုတ်မှန်စွာ သိရပါစေသား။ (ပစ္စုပ္ပန်၌ ထင်ရှားဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၂၂) နတ္တိ ပစ္စယော - ပရမတ္တ မရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။ (မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၂၃) ၀ိဂတ ပစ္စယော - ရှေ့၌ ပွင့်ကုန်ပြီဖြစ်သော ဘုရားတို့ကို ရှိခိုးရပါစေသား။ (ကင်းမဲ့ ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား)
(၂၄) အ၀ိဂတ ပစ္စယော - ပွင့်လတ္တံသော ဘုရားတို့ကို ရှိခိုးရပါစေသား။ (မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား)

ဤပဋ္ဌန်းသည် သက်ရှည်နာမဲ့ အန္တရယ်ကင်းရှင်းစေသည်။