Sunday, July 22, 2012

ချစ်သူသို့ 

ချစ်သူသို့ 

ဆောင်းမှနွေပြောင်း
ရက်တွေဟောင်းပြီး
ရက်စွဲသစ်များ ကျော်လွန်သွား
(ရ) လတာကြာခဲ့ပြီ။


နီးခြင်း နဲ့ ဝေးခြင်း
နှိုင်းယှဉ်ကြည့်တိုင်း
ဝေးခြင်းကပို လွမ်းရက်တွေကို
ရေတွက်ရတာ များခဲ့ပြီ။


ချစ်ခြင်း နဲ့ သံသယ
လွန်ဆွဲကြတိုင်း
ပင်ပန်းလှိုက်ဖို အော်ဟစ်ငိုချင်
ဖြေရှင်းရတာ မောလှပြီ။


နှလုံးသားကချစ်ခြင်း
အစစ်အမှန် မငြင်းဆန်ပဲ
အသင့်ထံကိုပေးအပ်ပါသည်
ချစ်သူသောက ပြေခဲ့ပြီ။


ငါ့ရင်သစ်စာ နင့်မစ်တာနဲ့ 
တည်ငြိမ်လေးမြတ် ထိမ်းသိမ်းအပ်စွာ
နှစ်ယောက်အတူ တောင်းဆုယူသည်
မိုးမြေသက်သေတည်ခဲ့ပြီ။


နင်လိုသမျှအချစ်များစွာ
အကြွင်းမထား မစဉ်းစားပဲ
စုဆောင်းပေါင်းပြီး သိမ်းဆည်းထားသည်
နင့်အတွက်သာဖြစ်ခဲ့ပြီ။


အချစ်သစ်စာမစ်တာပေါင်းရုံး
ကြင်နာသနား တွယ်တာပွါးလို့ 
လောကတခွင် တွေးထင်ကြည့်လည်း
နင်သာငါ့သခင်ဖြစ်ခဲ့ပြီ။


စာနာသနား အချစ်များကို
နင်မြင်တတ်ခါ တွေးတောပါလျှင်
သံသယပွား ပူပင်များသည့်
စိုးရိမ်သောက ကင်းလိမ့်မည်။


နှလုံးသွေးရင်း ငါ့ချစ်ခြင်းအတွက်
တုန့်ပြန်တောင်းဆို ချစ်စေလိုသည်
အေးချမ်းသောစိတ် သောကပိတ်ပြီး
တူယှဉ်တွဲလို့ ပျော်ကြမည်။

ချစ်သော
စာကလေးမ (ခ) အောင်နက်။

Thursday, July 12, 2012

သို့.......မှ၊ (စာကလေးမ)

ငါတို့ နှစ်ဦး ရင်ခုန်ခံစားသမျှ
တည်ငြိမ်ရင့်ကျက် စွာချစ်ကြမယ်နော်လို့
တဖွဖွပြောခဲ့တာလဲ..........နင်

Boiler လိုဆူပွက် ရေဆူမှတ်
၁၀၀ ဒီဂရီ ကျော်အောင် Stable မဖြစ်တာလဲ….......နင်

ဆန်စပါးကျဲပက် ပျူငှာစွက်ပြီး လာပါ နင်ရယ် စာသူငယ်ကို
တယုတယကြင်နာ ဖိတ်ခေါ်ကျွှေးမွေးတာလဲ.......…နင်
အစာစားဆဲ စိတ်ကူးဝင်နှောက် ခြောက်လှန့်နှင်ထုတ်
ဝေးရာပြေးခွါ စေတာလဲ…........နင်

နာကျင်ထွက်ပြေး စာသူငယ်အဝေးရောက်မှ
ငိုကြွေးသောက ပူဆွေးရတာလဲ…နင်။

နင်တကယ်လို့ သာ…
ငါ့သဘောပဲဆိုတာထက် နင့်နားလည်မှူကိုသာ ငါလိုအပ်နေမှန်း
နင်သိခဲ့ရင်။

နင်တကယ်လို့ သာ…
ငါ့ကြောင့်ဖြစ်ရတဲ့ နင့်စိတ်သောကတွေကို လျော့ပါးသက်သာစေချင်တဲ့စိတ်ပဲ ငါ့မှာရှိတယ်
နင်သိခဲ့ရင်။

နင်တကယ်လို့ သာ…
နင်မပါတဲ့လမ်း ငါဘယ်တုန်းကမှ အဖော်မဲ့ အထီးကျန်စွာ မလျောက်လှန်းချင်မှန်း
နင်သိခဲ့ရင်။

နင်တကယ်လို့ သာ…
ငါကနင့်ရဲ့တစ်ဦးတည်းသော ထာဝရပိုင်ရှင်ဖြစ်သော တန်းခိုး အစွမ်းတို့ရှိတယ်ဆိုတာ
နင်သိခဲ့ရင်။

နင်တကယ်လို့ သာ…
ငါ့အသိစိတ်မသိစိတ်တွေနဲ့ အချိန်နဲ့အမျှ  နင့်အကြောင်းတွေး မိတိုင်း လွမ်းရ တမ်းတရခြင်းတွေကို
နင်သိခဲ့ရင်။

နင်တကယ်လို့ သာ…
ငြင်းခုန်မှုလွန်ကဲရတဲ့ ပြင်းထန်တဲ့စွပ်စွဲမှူတွေ နဲ့ နင့်ကို ငါအရမ်းမုန်းတတ်သွားမယ်ဆိုတာ
နင်သိခဲ့ရင်။

နင်တကယ်လို့ သာ…
နင်ရဲ့ နှစ်သက်မက်မောစရာအပြုံးနဲ့  စွဲမက်စရာအသံတွေကိုပဲ အမြဲ ငါတမ်းတနေမှန်းသာ
နင်သိခဲ့ရင်။

နင်တကယ်လို့ သာ…
ငါဟာ မပြောင်းလဲနိုင်မဲ့ နင့်ဆီကခိုင်မာတဲ့ ချစ်ရခြင်းတွေကို အမြဲလိုချင်တမ်းတနေတတ်မှန်း
နင်သိခဲ့ရင်

ငါ့အသက်တွေနဲ့ရှင်သန်တဲ့ ရာဇာဝင်တိုင်းမှာ နင့်အချစ်နဲ့ အကြိမ်ကြိမ် ငါသေပစေတော့…
နင့်ရှေ့မှောက် ခစားချိန် င့ါရင်ကိုဓါးနဲ့ခွဲပြီးသာ
သွေးသန်တို့ စိုရွဲ ရဲတောက်နေတဲ့ တဒုတ်ဒုတ် ခုန်နေတဲ့ ငါ့နုလုံးသား အရှင်လတ်လတ်ကို
နင်မြင်အောင်ပြလိုက်ချင်သားပဲ........ ချစ်သူရေ။
(ရင်ခွဲတဲ့အခါ ထွက်လာမဲ့သွေးတွေကိုတော့ ငါကြောက်ဒလယ်ကွ)။

ချစ်ခြင်းဖြင့် နှောင်ဖွဲ့အပ်သော ဒီကဗျာသည်
ချာတူးလန် စာကလေးမ တို့၏။
မှတ်ချက် ကော်ပီလည်း မပေးပါ။
(ကိုယ်ပိုင်စကားလုံးများသာဖြစ်သည်)

Monday, July 9, 2012

SPARROW တစ်ကောင်ရဲ့ ရောက်တတ်ရာရာခံစားချက်များ

SPARROW တစ်ကောင်ရဲ့ ရောက်တတ်ရာရာခံစားချက်များ

စာခလေးမ ရေ....
ငါတို့ဒီနေ့ ဘုရားစုံဖူးကျတယ်နော်....
ည ရောက်တော့ မင်းငိုတယ်...
ခွေးတွေလဲ အူလိုက်ကျတာ
အောင်နက်တို့ ဘိုဖြူတို့ပါမယ်ထင်တယ်ကွ...
အဲ့ညက ဟန်ဆောင်ကောင်းခဲ့ပေမဲ့
အမှန်တော့ ငါလည်းသရဲကြောက်တယ်ကွ

ဘာမှန်းမသိ ပူလောင်သောကတွေနဲ့
ဘုရားသွားဖြစ်တယ်ဟ
ခုနကပဲ ရွှေတိဂုံဘုရားပေါ်ကနေ
သုံးကြိမ်မြောက် မင်းဆီဖုန်းခေါ်လိုက်သေးတယ်ကွ
ငါ့ဖုန်းမှန်းမင်းသိတာ့ ဖုန်းကို
ချစ်ပစ်လိုက်တဲ့အခါ လူကြီးမင်းဖုန်းက မအားသေးပါဘူးဆိုတဲ့
မိန်းမရဲ့ အသံက ငါ့  ကို လှောင်ရီနေသလိုပဲကွာ......

ဒါနဲ့လေ...
ငါ မနက်မနက် ခိုလေးတွေအစာကျွေးနေကျ
တနေ့
နေ့လည်လောက် ပြတင်းပေါက်ကနေ
ငါအောက်ငုံကြည့်လိုက်တော့
ခိုကလေးတစ်ကောင်လမ်းပေါ်မှာ
သေနေတာကြည့်ရင်းက
ဝမ်းနည်းလိုက်တာဟာ.....
မဖော်ပြတတ်တဲ့ ခံစားမူ့မျိုးနဲ့
အရမ်းစို့နင့်တယ်....
အမှန်က နင်ငါ့ကို မုန်းတီးသွားတာကို....
နင် မုန်းတာကို ခံနိုင်တယ် နင်ပစ်သွားတာကို မခံနိုင်ဘူးဟ။
တနေ့ငါပြိုလှဲ ကြ တဲ့အခါ
နင်တစ်ချက်လောက်တော့ စောင်းငဲ့ကြည့်လှည့်ပါနော်။

ချစ်လွန်းတဲ့   sparrow  ။

Saturday, July 7, 2012

စာကလေးမ ကဗျာ

စာကလေးမ ကဗျာ


မတော်ဘူးအမှန်
အတော်စူးဥာဏ်ရောက်သတဲ့လား
ဆေးဆိုရင်ရှောင်ကာပုန်းချင်
ဝေးရာမှာထား။
မှေးစက်မပျော်
သန်းခေါင်ကျော်ထကာဆိုးရလဲ
ချောင်းသံကို အလွန်ကြိုက်တယ်
ဆေးမကူ မွေးမြူထားတဲ့
စာကလေးမ ယောကျာ်း။
(စာကလေးမ)