Sunday, October 25, 2009

ဆွေးမြေ့ ပန်းချီ

ဆွေးမြေ့ ပန်းချီ

ပြန့်ကျဲ နေတဲ့လမ်းအတိုအစများ
လွင့်မျောနေတဲ့ အတိတ်မေ့ ရပ်ဝန်း
အဖြူအမည်း မီးတောက်လွင်ပြင်
တေးသီကျူး ငှက်ခါးတကောင်
တိမ်လွှာမျက်နာကျက် ကြားက
မာနမျက်ဝန်းတစ်စုံ
ဆေးစုတ်ချက်ကြမ်းကြမ်း
ငါ့ပန်းချီးကားတစ်ချပ်ထဲ
ယောင်လို့တောင်မငိုခဲ့ဘူး
မျက်ရည်ဝဲခဲ့ရုံလေးတင်
နာကျည်းမုန်းတီး တယ်ဆိုတာထက်
ပြင်းရှလေးနက်တဲ့ စကားလုံးမှာ
အဆိပ်ရည်လူးထားတယ်ဆိုခဲ့ရင်တောင်
ဒီရင်ခွင်ကို ပြစ်ခွင်းလိုက်စမ်းပါ
ချစ်သူ....
ရူးသွပ်စွာ မင်းရှေ့ဒူးထောက်
အရုံးပေးထားခဲ့ပြီးသားမို့လေ...။