Sunday, December 13, 2009

ကျနော်၏...ညို

ကျနော်၏...ညို

ဒီဇင်ဘာလအစောဆုံးမနက်တွေရဲ့ နိုးစက်သံတိတ်ဆိတ်ပြီးနောက်
မိုးရေစက်သံခပ်ကြမ်းကြမ်း တွေကြားကျနော်အပြေးအလွှား ရုံးသွား
နေရင်းသူမကို ကျနော် အမှတ်ရသည်။သူမနာမည်မှာ မြခွါညိုဖြစ်သည်။
တိုးတက် နေသည့် ခေတ်နှင့် လိုက်လျောညီ ထွေစွာ မ၀တ်စားဆင်ယှဉ်
တတ်သူဖြစ်သည်။သူမတွင် အလွန်ကြိုက်နှစ်သက်သော အရာမှာ မှတ်သား
ရန်လွယ်ကူလှသည်။သူမတွင် ကျနော် သဘောကျသော အချက်မှာ
ရှည်လျားသွယ်လှသောလက်ချောင်းများကကွန်ပြူတာကျွမ်းကျင်စွာမရိုက်
နှိပ်ခြင်းပင်။စကားပြောရာတွင် မဖော်ရွေး မတင်းမာသော လေသံက
ကျနော်အတွက်ဆွဲဆောင်မူအကောင်းဆုံးဖြစ်သည်။သူမသည် မိုးကို
လည်း မနှစ်သက်နွေကိုလည်းကဗျာမဖွဲ့တတ်သော ဆောင်း၏ပညက်ချက်ထဲတွင်
မကြည်လင်သော သူတစ်ဦးမဟုတ်ပေ။ရှင်းလင်းနေသည့် သူမဧည့်ခန်းက
ဧည့်သည်လာရန်မဟုတ်ဆိုသော စကားအမြဲပြောဆိုလေ့ရှိသည်။
ကျနော်သူမ ကို မေ့၍မရ မေ့ရန်မကြိုးစား ချစ်မြဲတိုင်းသာချစ်နေခဲ့သည်။
x x x မိုးတွေ.....ရွာနေပြီညို။

သည့်နောက် ကျနော်သည် စီးကရက် တစ်ဖွာရိုက်ဖွာအပြီး လေးဖြူ(BOB) မှ စာမျက်နှာ ၁၅ တွင် တသွင်သွင်းစီးမျောသွားလေတော့သည်။

Tuesday, November 24, 2009

အရူးတစ်ယောက်ရဲ့ကောင်းကင်

အရူးတစ်ယောက်ရဲ့ ကောင်းကင်

မနက် နေ့ ညတဲ့
မသေထမင်း မသေဟင်းကိုစား
လေးဘက်နံရံ ကျဉ်းကျဉ်းလေးအလယ်
ခန္ခကိုယ်ကို ကျုံထားရတယ်....
မော့ကြည့်တော့ ကောင်းကင်က သံတံတိုင်းတွေဖြန့်ခင်းထားတယ်

အနံအသက်ဆိုးတွေက
မြို့လယ်က နောက်ဖေးလမ်းကြားလိုပဲ
စွန့်ပစ်ပစ္စည်းတွေအလယ် ကြွက်တစ်ကောင်လို မပျော်မြူးနိုင်ဘူး

သေသူတွေ လူထပ်ဖြစ်လည်း
အညစ်အကြေးတွေ ထပ်ထပ်ထူထပ်နေုအုန်းမှာပဲ
လက်နက်မပါပါဘူးဆိုတာတောင်
ရိုက်စစ်နေကျတုန်းပဲ..

မသေခင်တော့ ခေါင်းကိုမော့
မြင်ရတဲ့ နံရံကို ကောင်းကင်လို့မှတ်ပြီး
ကျောက်တံ နဲ့ ရေးခြစ်သွားခဲ့ကျပါအုံး။

Sunday, October 25, 2009

ဆွေးမြေ့ ပန်းချီ

ဆွေးမြေ့ ပန်းချီ

ပြန့်ကျဲ နေတဲ့လမ်းအတိုအစများ
လွင့်မျောနေတဲ့ အတိတ်မေ့ ရပ်ဝန်း
အဖြူအမည်း မီးတောက်လွင်ပြင်
တေးသီကျူး ငှက်ခါးတကောင်
တိမ်လွှာမျက်နာကျက် ကြားက
မာနမျက်ဝန်းတစ်စုံ
ဆေးစုတ်ချက်ကြမ်းကြမ်း
ငါ့ပန်းချီးကားတစ်ချပ်ထဲ
ယောင်လို့တောင်မငိုခဲ့ဘူး
မျက်ရည်ဝဲခဲ့ရုံလေးတင်
နာကျည်းမုန်းတီး တယ်ဆိုတာထက်
ပြင်းရှလေးနက်တဲ့ စကားလုံးမှာ
အဆိပ်ရည်လူးထားတယ်ဆိုခဲ့ရင်တောင်
ဒီရင်ခွင်ကို ပြစ်ခွင်းလိုက်စမ်းပါ
ချစ်သူ....
ရူးသွပ်စွာ မင်းရှေ့ဒူးထောက်
အရုံးပေးထားခဲ့ပြီးသားမို့လေ...။


Tuesday, September 15, 2009

မေမေသို့ ..

မေမေသို့ ..


လက်ဆယ်ဖြာ ထိပ်မှာမိုး
မေမေ့ချေဖမိုး နဖူးအပ်ရင်း
မေမေရှိရာအရပ်ကို မျော်မှန်းလို့
ဦးခိုက်ကတော့ ဆုတောင်းအခါခါချွေ
မေတ္တာပို့သပါတယ်မေမေ
နေကောင်းလား မေမေ

မဟောင်းသေးတဲ့ နှစ်သုံးဆယ်ကျော်
အတိအကျပြောရရင် ဒီလ ဒီရက် ဒီနာရီမှာ
သေမင်းခံတွင်း ချေကန်နင်းရင်း
အသက်လုလို့ ပခုံးလက်နှစ်ထစ်
သားလူမမယ်လေးကို ပင်းပန်ဆင်းရဲကြီးစွာ
မွေးထုတ်ပေးခဲ့တဲ့ မာတာမွေးမိခင် မေမေ
မေမေ့ကျေးဇူးဆပ်ဖူးချင်တယ် မေမေ

“ဖတဆိုး” သားတွေ ဖြစ်တဲ့
သားလူမမယ်လေးတွေကို မေတ္တာတွေပိုလို့
အမိလိုတစ်ဖုံ အဖလိုတစ်ဖုံ မရှက်မကြောက်
ပတ်ဝန်းကျင်မှာ တတ်သမျှ မှတ်တမျှပညာ
အနည်း ငယ်လေးနဲ့ လူလားမြောက်အောင်
ရှာဖွေကျွေးမွေးခဲ့တဲ့ မေမေ
မေမေ့ကျေးဇူးဆပ်ဖူးချင်တယ် မေမေ

မိဘ မေတ္တာကို ဖော်ညွန်းလို့မပြည့်စုံခင်
သားရဲ့ သေးနုတ်တဲ့ အသိပညာဥာဏ်
မရင့်ကျက်သေးတဲ့ အတွေးအခေါ်လေးနဲ့
ရပ်တည် ကြိုးစားနေတုန်း မေမေပေးတဲ့
အသက်ကလေးနဲ့ လူသက်တမ်း
တစ်နှစ်ထပ်တိုး လာပြန်ပြီမေမေ
သို့ကြောင့် သားကို
ကြွေးဟောင်းဆပ်ခွင့် ပြုပါအမေ

မွေးနေ့လေး အမှတ်တရ မေမေ့ အကြောင်းအတိုချုပ်ရေးသားထားပါသည်။
စာဖတ်သူများလည်း အမေများကို ပို၍သတိတရရှိနိုင်ကြပါစေ။

x x x

Sunday, September 6, 2009

သင့်အမြင်အာရုံ ဘယ်လိုလဲ ??

သင့်အမြင်အာရုံ
ဒီပုံထဲမှာမျက်နှာ၁၁ခုပါဝင်ပါတယ်။အားလုံးကိုသင်မြင်လား?သာမန်ကြည့်မယ်
ဆိုရင် သင်ဟာမျက်နှာ၎ ခုမှ ၅ခုကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။တကယ်လို့မျက်
နှာ ၈ခုကိုမြင် တွေ့နိုင်ခဲ့ ရင်သင်ဟာ 
 
ထူးခြားတဲ့အမြင်အာရုံရှိသူပါပဲ။အကယ်၍ ၉ ခု မှ ၁၀ခု ကို သင်တွေ့ခဲ့လျှင် စူးရှတဲ့
အမြင်အာရုံရှိသူဟုဆိုနိုင်ပါတယ်။မျက်နှာ ၁၁ တစ်ခုလုံးကို တွေ့မြင်နိုင်သူကတော့
သင်ဟာ အပြင်းထန်းဆုံးအထက်မြက်ဆုံး အမြင်အာရုံရှိသူပါပဲ ကဲ သင်မျက်လုံးနဲ့ အာရုံကိုစမ်းသပ်ကြည့်လိုက်ပါလား။ 
ဒုတိယ ပုံမှာကောထူးခြားမူ့ကိုသင်တွေ့ပါသလား
  
 
အောက်ဆုံးပုံမှာကော??
could you see what secret in it..!!
ထူးခြားထွေလာ ဂဏ္ဍ အဖြစ်ဖော်ပြပါသည်။

Wednesday, August 26, 2009

ကောင်း ကင် က လူ

ကောင်း ကင် က လူ

ငါ က လည်း ငါ ပဲ
သိပ် ရှည် တဲ့ အ ကောင်
ငါ့ လွတ် လပ် ခြင်း တွေ ကို မိုး တိမ်
ထဲ ဖြို ခွင်း ခဲ့ တာ

စက္ကန့် တံ လေး အ ပေါ် မှာ
လျက် ရ တဲ့ ချို မြ ပျား ရည် ကို မှ သိပ် မက် တာ
မွန်း ကြပ် ကြပ် အ သက် ရူ သံ
ခပ် ပြင်း ပြင်း ကို မှ သိပ် ကြိုက် ခဲ့ တာ

ခ ဏ လေး ပဲ လေ ကွာ ဆို တဲ့
သက် ရှိ လော က ရဲ့
ရာ စု အ ကန့် လေး
သတ် မှတ် ထား သ လောက်
ရောက် လာ ခဲ့ ကျ ရ တာ
ကြီး မြတ် တန်း ဖိုး ထား လေး စား စ ရာ လူ ပုဂ္ဂိုလ် တွေ
ငါ့ တို့ ရှေ့ မှာ လွင့် ပျောက် သွား တဲ့ အ ခါ

ငါ တို့ ရာ စု တွေ က လည်း
ပေါ့ ကျ ချို ပျက် တစ် ခွက် လို့ ပဲ
အ ရာ ရာ မှာ လိုက် လို့ မ မှီ နိုင် တဲ့
လေးစား စ ရာ သူ တို့ တစ် တွေ မ ရှိ တော့ တဲ့ အ ချိန် အ ခါ မှာ.......
“ကောင်းကင်က လူ” ဆိုတာ

(ကွယ်လွန် ပြီးဖြစ်သော ကမ္ဘာအရပ်ရပ်မှ
အနုပညာရှင်ကြီးများသို့ လေးစား စွာဖြင့်
5 Aug 2009)

Friday, August 21, 2009

စိတ္တဇ အနာ


စိတ္တဇ အနာ

တစ် ည မှာ ငါ အိမ် မက် မက် တယ်.
ရာ ဂ ဏ္ဍာန်း ပေါင်း များ စွာ အဖိုး တန် ကား နောက်
အ မှီ ပြေး လိုက် တာ ခဏခဏ ချေ ချော်လဲ ဆိုပဲ..

ဂစ် တာ အို ရဲ့ နား မှာ ကျ ကွဲ စရာ ဖန် ခွက် လည်း မ ရှိ ဘူး
ငါ ခံ စား သီ ကျူး တာ သီ ချင်း မ ဟုတ်
ကဗျာ မ ပီ စာ တို လေ ပဲ စီ ထား လိုက် တော့ တယ်....

“တ ကယ် လို့ များ မင်း ပြန် ရောက် လာ ရင်
ထ မင်း ပြင် ထား တယ် အရင် စား နှင့် နော်.
ခွဲ သွား တဲ့ ချစ် သူ ရေ...”




Infront of Emirates Mall in UAE



Tuesday, August 18, 2009

GITEX-EXPO 2009

GITEX-SHOPPER & CONSUMER ELECTRONICS EXPO 2009

နှစ်စဉ် အောက်တိုဘာလတိုင်း ကျင်းပလျက်ရှိသော ကွန်ပြူတာနှင့်
နည်းပညာခင်းကျင်းပြသရောင်းချသောဈေးရောင်းပွဲကို ယခုနှစ်
2009 အောက်တိုဘာလ ၁ရ ရက်နေ့မှ ၂၄ ၇က်နေ့အထိကျင်းပမှာ
ဖြစ်ကြောင်း သိရပါတယ်။ကုန်ပစ္စည်းထုတ်လုပ်သောနာမည်ကြီး
ကုမ္မဏီ ကြီးများမှထုတ်လုပ်မူနှင့်လာရောက်လေ့လာဝယ်ယူ
သူများဖြင့် နှစ်စဉ်စည်းကားသိုက်မြိုက်သော GITEX
(Gulf-Information-&-Technology-Exhibition Middle East)
ရဲ့ဈေးရောင်းပွဲံ အသေးစိတ်ကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရူလေ့လာ
နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ခုနှစ် က လာရောက်သူပေါင်း 132,761
ယောက်ဖြစ်ပြီးလက်လီ၊လက်က္ကား မှာယူ၊လာရောက်ဝယ်ယူ ရောင်းရ
ငွေပေါင်း အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်ဖိုးရောင်းချရကြောင်း
သိရှိရပါတယ်။တစ်နှစ်တစ်ခါ ဒီအခွင့်ကောင်းလေးကို နှစ်စဉ်
လက်လွတ်မခံပဲ ကိုယ်တိုင်လည်းသွားရောက်ငေးမောသွား
ရည်ယိုနေကျမို့ မေးလ်ထဲကိုရောက်လာတဲ့ ဒီဖိတ်စာလင့်လေးကို
ဒီမှာပဲ ပြန် ရှယ်ထားလိုက်ပါတယ်။

GITEX- EXPO 2009 Coming Soon......

ကန္တာရ မြို့ရဲ့ ထူးခြားတဲ့
ဒီနေရာ တွေ ကို လည်မယ် လက်မှတ်ဝယ်မယ် ဆိုရင်....

Tuesday, March 31, 2009

“ဘယ်တော့မှ မမုန်းဘူး”

ဟို...တချိန်က
မင်းနာမည်လေး
တမ်းတယုံနဲ့ကြည်းနူး
ဝမ်းသာရင်ခုန် ခဲ့ဖူးပါတယ်....

ဟို...တချိန်က
မင်း ဖုန်းဆက်လို့
စကားသံလေးတွေ ကြားရယုံနဲ့
ပန်းတိုင်ဆီကို ဦးတည်ခဲ့ဘူးပါတယ်....

ဟို...တချိန်က
မင်းအနားမှာ
တစိမ်းယောကျာင်္းတွေ ရှိနေယုံလေးနဲ့တင်
ငါသ၀န်တို တတ်ခဲ့ဘူးပါတယ်......

မင်းဥပက္ခာ ပြုရက်ခဲ့လွန်းလို့လေ
ခုများတော့....
စွဲလမ်းခဲ့ဘူးတဲ့
မင်းအသံလေးတွေလည်း
ငါ့ကို ရင်မခုန်စေတော့ပါ....

သိပ်ကြိုက်ခဲ့ဘူးတဲ့
မင်းနာမည်လည်း
ငါ့အတွက်မထူးခြားစေတော့ပါ....

သ၀န်တို ပူပန်တတ်တဲ့
ငါ့ စိတ်တွေကလည်း
မင်းကို “ချစ်ခြင်း(သို့) မုန်းခြင်းအကြောင်း ဖွင့်မပြောတတ်တော့ပါ”
ဒါတွေကြောင့် မင်းကိုငါ


x x x

Sunday, February 15, 2009

လှေအို

(from google)

နှစ် သုံးဆယ်ကျော်

လှေအိုမည်းကြီး

အပြောကျယ်တဲ့

ပင်လယ်ပြင်ထဲ

ပဲ့ကြိုး ရွက်တိုင်တွေ စုတ်လို့

ဦးတည်ရာမဲ့ လွှင့်မြောနေတဲ့
အခါဝယ်......



Monday, January 12, 2009

ကျွန်တော်နှင့် ကန္တာရ မြို့ ပြ


သဲ.....
သဲ.....
သဲ.....

ဧဒင် ဥယျာဉ်ထဲက သဲ.....
ကျိန်စာတွေထဲနှစ်မြုပ်နေတဲ့ မံမီ သဲ.....
ပင့်ကူ ရန်သူတော် လူသား သဲ...

ဘာပဲပြောပြော သဲကို..
ရောင်စုံ ဧရာမမြို့ ကြီး ဖုံးလွှမ်းထားသေး.....

တစ်ခါတရံ မွန်းကြပ်ကြပ်
မြို့ ပြ အေစီ အောက်မှာတောင်
သဲ တကျွီ ကျွီ က
ငါ့ သွားတွေနဲ့ ထိတွေ့ နေသေး.....

ဒီလွင်ပြင်ကျယ်ကြီး ထဲ
မရေရာ မသေချာတဲ့ အရုပ်တွေတောင်
ရေးခြစ်ခဲ့ဖူးသေး...

အချိုးအဆ မညီ Method ထဲ
နှစ်နှစ်ကျော် သဲထဲရေသွန် ခဲ့ဖူးသေး...

သင်ရိုးညွှန်းတမ်းက အထူးတလှယ်
ဘ၀အတွက် တံဆိပ်ရိုက်ပေးလိုက်တဲ့
သဲ analysis.....

လက်ခံခဲ့ဘူးတဲ့ အီနားရှားကို ဆန့်ကျင်ပြီး
ဒိန်ခဲတွေ သဲပြင်အပေါ်နေရာ ရွှေ့သွားခဲ့ရင်တောင်
ငါဟာ ဒီကန္တာရ မြို့ ပြထဲ
ရှင်သန်ရပ်တည် နေရအုံးမှာပါပဲလား....။

x x x x x x



Monday, January 5, 2009

အနာဂတ်လှိုင်း၏ ဆုံမှတ်များ

'အနာဂတ်လှိုင်း၏ ဆုံမှတ်များ'
မြန်မာဘလော့ဂ်ဂါများ၏ လက်ရာများ စုစည်းထားသော B Log စာအုပ်ကို ဤနေရာတွင် ဖတ်နိုင်သည်။




Thursday, January 1, 2009

2009 New Year's Gift for you.

မိတ်ဆွေ၊သူငယ်ချင်းအပေါင်းအသင်းကိုလည်း
၂၀၀၉ ရဲ့ နှစ်သစ်မှာ လိုရာသုံးဖို့ One Dollar စီ လက်ဆောင်ပေးလိုက်ပါတယ်... အဟက်..ဟက်.......


လက်ဆောင်ပေးရလို့ ကပ်စီနည်းနေတာ မဟုတ်ပါဘူး...ဟား..ဟား
ကမ္ဘာ့စီးပွါးရေး ပြဿနာကြောင့် “ဂျော့လ်ဝါရှင်တန်” ထိန်လန့် အံသြ နေပုံပါ။