Wednesday, January 19, 2011

ယောင်ခြောက်ဆယ်

ယောင်ခြောက်ဆယ်

(ဤနေရာတွင် ပန်းချီပုံရှိသည်။)



ကဗျာဆရာ
ပန်းချီဆရာ
စာပေ ယောင်
ဂစ်တာ
သီချင်းအဆိုကောင်း ယောင်
ဟန်ဆောင်ကောင်း
ရုပ်ချောသူ ယောင်
ဘလော့်ဂါ
ကွန်ပြူတာ ယောင်
အင်ဂျင်နီယာ
design coordinator ယောင်
အရက် သမား
ဖဲသမား ယောင်
စားပွဲတင် တင်းနစ်သမား
ဘောလုံးသမားယောင်
ဟင်းချက်ကောင်း
အစားကြီးသူ ယောင်
အကောင်းကြိုက်သူ
အသန့်ပြန့်ကြိုက်သူ ယောင်
ကြောက်တတ်သူ
မပြတ်သားသူ ယောင်
အားနာတတ်သူ
တည်ငြိမ်ရဲ့ရင့်သူ ယောင်
စိတ်ထားကောင်း
ဖွန်မကြောင်တတ် ယောင်
လူပျို
အရမ်းကြီးချစ်တတ်လွန်း ယောင်
ရည်းစားများသူ ယောင်
ကြင်နာ သနားတတ်သူ ယောင်
ယောင်.............
ယောင် ပေါင်းများယောင်နေဆဲ
ကို့ ဘ၀ခရီးထဲ နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့
နှစ်သစ်ဆိုတဲ့ ၂၀၁၁ ထဲရောက်ခဲ့ပီပဲ...။