Tuesday, March 31, 2009

“ဘယ်တော့မှ မမုန်းဘူး”

ဟို...တချိန်က
မင်းနာမည်လေး
တမ်းတယုံနဲ့ကြည်းနူး
ဝမ်းသာရင်ခုန် ခဲ့ဖူးပါတယ်....

ဟို...တချိန်က
မင်း ဖုန်းဆက်လို့
စကားသံလေးတွေ ကြားရယုံနဲ့
ပန်းတိုင်ဆီကို ဦးတည်ခဲ့ဘူးပါတယ်....

ဟို...တချိန်က
မင်းအနားမှာ
တစိမ်းယောကျာင်္းတွေ ရှိနေယုံလေးနဲ့တင်
ငါသ၀န်တို တတ်ခဲ့ဘူးပါတယ်......

မင်းဥပက္ခာ ပြုရက်ခဲ့လွန်းလို့လေ
ခုများတော့....
စွဲလမ်းခဲ့ဘူးတဲ့
မင်းအသံလေးတွေလည်း
ငါ့ကို ရင်မခုန်စေတော့ပါ....

သိပ်ကြိုက်ခဲ့ဘူးတဲ့
မင်းနာမည်လည်း
ငါ့အတွက်မထူးခြားစေတော့ပါ....

သ၀န်တို ပူပန်တတ်တဲ့
ငါ့ စိတ်တွေကလည်း
မင်းကို “ချစ်ခြင်း(သို့) မုန်းခြင်းအကြောင်း ဖွင့်မပြောတတ်တော့ပါ”
ဒါတွေကြောင့် မင်းကိုငါ


x x x