Saturday, September 22, 2012

မွေးနေ့အမှတ်တရ

မွေးနေ့အမှတ်တရ 

စာကလေးရေ
လင်းတခါမှောင်တလှည့် အနာဂါတ်တွေ
ပျော်တခါပျင်းတလှည့် အချိန်ကာလတွေ
အောင်မြင်ခြင်းတခါ ရှုံးနိမ့်ခြင်းတလှည့် လောကဓံတွေ
အခြွေံအရံများတခါ အထီးကျန်ခြင်းတလှည့်ကြုံခဲ့ကြတာတွေ
ကျေနပ်ခြင်းတခါ မျိုသိပ်ခြင်းတလှည့်ခါးသီးခဲ့ဖူးတာတွေ
ပြည့်စုံခြင်းတခါ မွဲတေခြင်းတလှည့် ရုန်းကန်ခဲ့ဖူးတာတွေ
ကြည်နူးခြင်းတခါ ကြေကွဲခြင်းတလှည့် ရှင်သန်ခဲ့ဖူးတာတွေ
ရယ်မောခြင်းတခါ ငိုကြွေးခြင်းတလှည့်ခါးသီးနေ့ ရက်တွေ
တည်ငြိမ်တခါ လှုပ်ခတ်ခြင်းတလှည့် ရင်ခုန်ခြင်းတွေ
ခိုင်မာခြင်းတခါ ယိုင်လဲခြင်းတလှည့် မတည်မြဲတဲ့စိတ်ဓါတ်တွေ
နွေးထွေးခြင်းတခါ အေးစက်ခြင်းတလှည့် ပြောင်းလဲခြင်းတွေ
ပုံမှန်ရှင်သန်ခြင်းတခါ စွန့်စားခြင်းတလှည့် အကွေ့ အကောက်တွေ
ဘာလားညာလား ခွဲခြားမရတဲ့ ထုံပေပေခံစားချက်တွေ
ဒါတွေများစွာကိုနင်ရင်ဆိုင်ကျော်ဖြတ်ရင်း 
နင့်ဘ၀မှတ်တိုင်တွေစိုက်လာခဲ့တယ်နော်။

စာကလေးမ။

Tuesday, September 18, 2012

စာကလေး မွေးနေ့

ဟက်ပီးဘတ်ဒေးစာကလေးရေ
ဥခွံဖေါက်ထွက် နင့်မွေးရက်မှာ
ကြည်လင်စိတ်ကူး ကုသိုလ်ထူးနဲ့
ကောင်းမှူထွေထွေ ပြုနိုင်စေသည်
အသက်ရာကျော်ရှည်စေသတည်း။

ဟက်ပီးဘတ်ဒေးစာကလေးရေ
တောင်ပံဖြန့်ကျက် နင့်မွေးရက်မှာ
ဆန်ဒရွယ်စူး စိတ်ကူးတိုင်းသာ
ပျံသန်းပါလေ အားပေးနေမည်
သွားတိုင်းခရီးရောက်စေသတည်း။

ဟက်ပီးဘတ်ဒေးစာကလေးရေ
နေခြည်ဖျန်းပက် နင့်မွေးရက်မှာ
တိမ်ညိုမှိုင်းရိပ် မုန်တိုင်းကင်းကွာ
လေပြေလာစေ ဆုတောင်းနေမည်
အေးချမ်းသောနေ့ ဖြစ်စေသတည်း။

ဟက်ပီးဘတ်ဒေးစာကလေးရေ
ဟိုအရင်ကလူစုံလင်ခဲ့ နင့်မွေးရက်မှာ
ကြည်နူးစေကြောင်း ဖေါ်အပေါင်းနဲ့
ပျော်ရွင်ကျင်းပ ရွေရောင်ကာလကို
ယောင်ယမ်းတမ်းတ စေသတည်း။

ဟက်ပီးဘတ်ဒေးစာကလေးရေ
ဒီ်၁၆ ရက် နင့်မွေးရက်မှာ
ဖေါ်ပေါင်းကင်းကွာ အထီးကျန်စွာနဲ့
တိတ်ဆိတ်ကျော်ဖြတ် စိတ်နေတတ်စေ
တောင်းဆု ၁၀ ခါချွေသတည်း။

ဟက်ပီးဘတ်ဒေးစာကလေးရေ
တည်ကြည်လေးနက် နင့်မွေးရက်မှာ
သစ်စာဂတိ မစ်တာရှိစေ
မုန်တိုင်းထန်ထန် လေပြေတိုးတိုး
ကောင်းခြင်းအကုန်ပြည့်စေသတည်း။

ဟက်ပီးဘတ်ဒေးစာကလေးရေ
လောကကိုထွက် နင့်မွေးရက်မှာ
ကြံစည်တိုင်းအောင် ဆောင်ရွက်တိုင်းမြောက်
စိတ်သွားတိုင်းကိုယ်ပါ
လိုအင်မှန်သမျှ ပြည့်စေသတည်း။

ဟက်ပီးဘတ်ဒေးစာကလေးရေ
ရှင်းလင်းသွက်လက် နင့်မွေးရက်မှာ
ဘယရောဂါ ကင်းကွာစွာနဲ့ 
ကျန်းမာစေလိုတောင်းဆုဆိုမည်
နာဖျားခြင်းများကင်းစေသတည်း။

ဟက်ပီးဘတ်ဒေးစာကလေးရေ
ပျော်ရွင်နှစ်သက် နင့်မွေးရက်မှာ
စိတ်ညစ်စရာ အဖြာဖြာကို
မေ့ထားစေလို ဆန်ဒပိုသည်
ပျော်ရွင်ဖွယ်ရာဖြစ်စေသတည်း။

ဟက်ပီးဘတ်ဒေးစာကလေးရေ
Important အချက် နင့်မွေးရက်မှာ
နင့်ကိုချစ်သူ နင်ချစ်သူလို့ မှတ်ယူထားခဲ့
အော်ဟစ်ရန်ဖြစ် သံကုန်ဟစ်တဲ့စာကလေးမ ချာတူးလန်ကို
မုန်းခြင်းမဆို ချစ်စေလိုသည် အသက်တမျှတိုင်စေသတည်း။

ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံသောမွေးနေ့ ဖြစ်ပါစေ။
ချစ်သော စာကလေးမ။

Saturday, September 1, 2012

အတောင်ပံတွေ ဖြန့် မပျံသန်းစေလို

ဟေ့ရောင်ရေ
နင်ထင်တာတခုမှမဟုတ်ဖူးဟ
ငါအခုအဲ့လောက်ပဲပြောနိုင်မယ်
ငါ့ဖက်က သိပ်ခက်ခဲတယ်ဟေ့

နောက်ပီး ဖုန်းခေါ်ချိန်ဆို အင်တာနက်သုံးမရဘူး
အိမ်ကလူတွေက တနေကုန်နီးပါးသုံးနေတာဟ
ငါဒီနေ့ လည် ဖုန်း ကတ်ဝယ်မယ်
မနက်ဖန်လောက်ဆို ၇ပီနော်

ငါနင့်ကို ညက မိုးတွေရွာတော့ပိုသတိရတယ်
နင်ကတော့ င့ါကို မေ့ပီး နေနိုင်မှာပါ
ငါ့ကိုဒီလိုအကြာကြီးထားမယ်ဆိုရင်တော့ ငါ မနေနိုင်ဘူးဟာ
ငါကြိုပြောတယ်နော်။

ငါအခန်းတခန်းလောက်၇ှာမှဖစ်မယ်
မနေ့ ကငါအပြင်သွားတယ်
ပြန်လာတော့မိုးတွေရွာမှောင်မဲမီးကမလာ
ပြောစရာတွေရှိတယ်ဟ
အိမ်မှာ စကားပြောရတာ အင်တာနက်သုံးရတာ လုံးဝ မလွတ်လပ်ဖူးဟာ


ငါ့ဖုန်းရရင်နင့်ကိုအရင်ခေါ်ပါ့မယ်
ငါထပ်ပြောမယ် မောင်ရေ..
(ငါနင့်ကို ညက မိုးတွေရွာတော့ပိုသတိရတယ်
နင်ကတော့ င့ါကို မေ့ပီး နေနိုင်မှာပါ
ငါ့ကိုဒီလိုအကြာကြီးထားမယ်ဆိုရင်တော့ ငါ မနေနိုင်ဘူးဟာ)
မနေ့ ညက နင်အွန်လိုင်းတက်လာတော့ ငါ့အမကြီးက ငါ့အနားမှာ ဟ
ငါစာရိုက်တာထိုင်ကြည့်နေတယ်
သူ့ ကျန်းမာရေးကိတ်စကို သူ့ ညီမနဲ့ မေးဖြေလုပ်ပေးနေတာ
တူအငယ်ကလဲ ဘေးမှာကပ်နေပီး ရေးသမျှလိုက်ဖတ်နေတာ
ဒီလောက်ဆိုနင်နားလည်မှာပါ
ငါ ခဏကပဲနင့်ဖုန်းကိုမစ်စ်ကောလုပ်သေးတယ်
မရတာနဲ့  ငါအခုဖုန်းကတ်ကိုဖြုတ်ပီး အင်တာနက်သုံးနေတာ။
ငါနင့်ကိုလွမ်းတယ်

အဆင်မပြေတာကြာလာရင် ငါသီးခံနိုင်မယ်မထင်ဘူး
နင်သိထားဖို့ က ငါနေရတာလုံးဝ အဆင်မပြေဘူး
ငါလမ်းတခုခုရှာမှရတော့မယ်။
ဒါပဲဟာ..နင့်ကိုညီးပြတာမဟုတ်ပါဘူး
ငါလုံးးးးးးးးးးဝကို အဆင်မပြေဘူး
ချစ်တဲ့

နင့်ကြောင့် မပျံသန်းနိုင်အောင် အတောင်တွေသိမ်းထားတဲ့ စာကလေးမ