Friday, April 26, 2013


သော့ပိတ်တံခါး။

အမှတ်ရယ်မထင်
အတွေးမှာ မ၀င်ခဲ့ပါပဲ
ကြုံနိုင်ခဲရှေးရေစက်ရယ်
နွမ်းခြောက်သွေ့  ဒီခရီးမှာ
အပန်းပြေ စမ်းရေ စ လို
အေးမြစေ၏

ခံစားချက် အဖြာဖြာ
အသက်ဝင် ဒီအကြည့်
ရင်ခုန်သံ ဟန်ချက်ညီလို့ 
စကားသံ အမှန်နွေးတယ်
နှစ်သက်နေမိ။

တွဲလက်ရယ် မခိုင့်တခိုင်
လျှောက်လှမ်းနေ လမ်းရယ်မသိ
ကြောက်စိတ်ဆို ရင်မှာနတ္ထိ
ဝါဂွမ်းဆိုင် လေမှာလွင့်သလို
လောကမေ့မိ။

မျှော်လင့်ချက် ဘော်ငွေရောင်
ဂတိတွေ ရွှေအနားသတ်
ကြည်နူးရင် လှိုင်းခတ်ခုန်လို့ 
ချစ်ခြင်းကို တိမ်လိုလွင့်
အိမ်မက်နေမိ။

စိတ်ကူးမိအကြိမ်ကြိမ်
ကူးခတ်မယ် အတူတူပ
ပင်လယ်ပြာ ဒီဘ၀ခရီး
ရွက်တိုင်နဲ့ ပဲ့ကိုင်မရှိလဲ
ကြောက်စိတ်မေ့မိ။

ကာလရယ်ကြာ မောင်မေ့တာ
အတော်များနေပေါ့
ရွက်လွှင့်နေဒီစိတ်ကူးတွေ
ဘယ်ဆီမှာ ထားကာသိမ်းရမယ်
ခက်လိုက်ပါဘိ။
ခံစားချက် ဗလာ
အသက်မဲ့ ဒီအကြည့်
သူစိမ်းပြင် ညံ့သက်သက်
အေးစက်စက် လေသံစွက်
ခါးသက်နေမိ။

အကြင်နာမဲ့ ဆိုစကား
ရင်တွင်းကြေ အော်ဟစ်သံ
ပြန်ကြားယောင်ခါခါ မုန်းမိ
မယုံနိုင် ကိုယ်တိုင်ကြုံခဲ့ရ
မှင်သက်နေမိ။

ဘယ်သူနဲ့ ပြိုင်ပြိုင်
ကိုယ်ရတာ အရှုံးပဲမှို့ 
ပြိုင်ချင်သူ ကြိုတင်မှာကြား
ငါဟာလေရှုံးပီးသားလို့ 
ပြောလိုက်ချင်၏

ကြင်နာသံစကားစွက်
ဘယ်သူ့ အတွက်လဲဟင်
အဖြေမရှာသူ့ စကား
ငါကလွဲရင်အားလုံးအတွက်
ရိပ်မိပါ၏

ချိုချိုသာ အကြည့်တချက်
ဘယ်သူ့ အတွက်လဲဟင်
မှန်းယောင်ကာ အဖြေညှိ
ငါကလွဲရင် အားလုံးအတွက်
စိတ်ညစ်ပါ၏


ကာလရယ်ကြာ
ကြေကွဲစွာဆင်ခြင်ကြည့်တော့
အစဉ်မြဲတာဘယ်အရာမရှိ
မောင်လဲလေ လောကီသားမို့ 
“ပြောင်းလဲနေ“၏


စိတ်အတွေးရယ်ဖြေ
ဒီလိုလေ မဟုတ်ပါရစေနဲ့ 
ရွှေရောင်အချိန် တစ တပိုင်းကို
ရစ်သိုင်းကာအစဉ်မြဲအောင်
ဆွဲထားချင်မိ။

အနာ၈တ်ဘော်ငွေရောင်
ခန်းနားအောင်ရွေရောင်ကွပ်လို့ 
စိတ်ကူးယဉ် အိမ်မက်လေးတွေ
လေနှင်ရာ ကွယ်ကာပျောက်ပြီ
သက်မဲ့ နေမိ။


တရံတခါလေ
ရှာဖွေကြံ အချစ်များ
ပြသကာ နွေးထွေးဆဲ
ယုံချင်တယ် မောင့်စကားမှာ
နစ်မြောနေမိ။


ဒီသံသရာ ဒီမှာပဲဆုံးစေတော့
နောင်အကွေ့ တွေယူမသွားချင်တော့ဘူး
ကွယ်ရာမှာ အတွယ်အတာရှာလဲ
ကံပဲလေ ပုံကာချလို့ 
ဝဋ်လို့ ထင်မိ။


လူ့ ပြည်မှာအမှူပွေတာမို့ 
မဆိုချင်ငြိုငြင်စကား
သ၀န်တို မလိုစိတ်ကင်းချင်လို့ 
နေချင်တယ်ခတ်မဆိတ်

သော့ပိတ်တံခါး။
(မှတ်ချက် ။ စာကလေးမရေ နင်ငါ့ကိုအထင်မလွှဲပါနဲ့ နင့်ရင်ခွင်ထဲမှာတော့ သော့ပိတ်တံခါးမလုပ်လိုက်ပါနဲ့ စာလေးမရယ်)

No comments: