အရူးတစ်ယောက်ရဲ့ ကောင်းကင်
မနက် နေ့ ညတဲ့
မသေထမင်း မသေဟင်းကိုစား
လေးဘက်နံရံ ကျဉ်းကျဉ်းလေးအလယ်
ခန္ခကိုယ်ကို ကျုံထားရတယ်....
မော့ကြည့်တော့ ကောင်းကင်က သံတံတိုင်းတွေဖြန့်ခင်းထားတယ်
အနံအသက်ဆိုးတွေက
မြို့လယ်က နောက်ဖေးလမ်းကြားလိုပဲ
စွန့်ပစ်ပစ္စည်းတွေအလယ် ကြွက်တစ်ကောင်လို မပျော်မြူးနိုင်ဘူး
သေသူတွေ လူထပ်ဖြစ်လည်း
အညစ်အကြေးတွေ ထပ်ထပ်ထူထပ်နေုအုန်းမှာပဲ
လက်နက်မပါပါဘူးဆိုတာတောင်
ရိုက်စစ်နေကျတုန်းပဲ..
မသေခင်တော့ ခေါင်းကိုမော့
မြင်ရတဲ့ နံရံကို ကောင်းကင်လို့မှတ်ပြီး
ကျောက်တံ နဲ့ ရေးခြစ်သွားခဲ့ကျပါအုံး။