လက်ဆယ်ဖြာ ထိပ်မှာမိုး
မေမေ့ချေဖမိုး နဖူးအပ်ရင်း
မေမေရှိရာအရပ်ကို မျော်မှန်းလို့
ဦးခိုက်ကတော့ ဆုတောင်းအခါခါချွေ
မေတ္တာပို့သပါတယ်မေမေ
နေကောင်းလား မေမေ
မဟောင်းသေးတဲ့ နှစ်သုံးဆယ်ကျော်
အတိအကျပြောရရင် ဒီလ ဒီရက် ဒီနာရီမှာ
သေမင်းခံတွင်း ချေကန်နင်းရင်း
အသက်လုလို့ ပခုံးလက်နှစ်ထစ်
သားလူမမယ်လေးကို ပင်းပန်ဆင်းရဲကြီးစွာ
မွေးထုတ်ပေးခဲ့တဲ့ မာတာမွေးမိခင် မေမေ
မေမေ့ကျေးဇူးဆပ်ဖူးချင်တယ် မေမေ
“ဖတဆိုး” သားတွေ ဖြစ်တဲ့
သားလူမမယ်လေးတွေကို မေတ္တာတွေပိုလို့
အမိလိုတစ်ဖုံ အဖလိုတစ်ဖုံ မရှက်မကြောက်
ပတ်ဝန်းကျင်မှာ တတ်သမျှ မှတ်တမျှပညာ
အနည်း ငယ်လေးနဲ့ လူလားမြောက်အောင်
ရှာဖွေကျွေးမွေးခဲ့တဲ့ မေမေ
မေမေ့ကျေးဇူးဆပ်ဖူးချင်တယ် မေမေ
မိဘ မေတ္တာကို ဖော်ညွန်းလို့မပြည့်စုံခင်
သားရဲ့ သေးနုတ်တဲ့ အသိပညာဥာဏ်
မရင့်ကျက်သေးတဲ့ အတွေးအခေါ်လေးနဲ့
ရပ်တည် ကြိုးစားနေတုန်း မေမေပေးတဲ့
အသက်ကလေးနဲ့ လူသက်တမ်း
တစ်နှစ်ထပ်တိုး လာပြန်ပြီမေမေ
သို့ကြောင့် သားကို
ကြွေးဟောင်းဆပ်ခွင့် ပြုပါအမေ
မွေးနေ့လေး အမှတ်တရ မေမေ့ အကြောင်းအတိုချုပ်ရေးသားထားပါသည်။
စာဖတ်သူများလည်း အမေများကို ပို၍သတိတရရှိနိုင်ကြပါစေ။
x x x
2 comments:
HAPPY BIRTHDAY KO GYI
မွေးနေ့ မှာအမေကိုအမှတ်တရရှိပြီး အမေ့ကိုကန်တော့ တာအကောင်းဆုံးအလုပ်ပါပဲ။ မွေးနေ့ ကိုများစွာ နောက်ကျမှရောက်ခဲ့ရပေမယ့် ဘ၀တစ်သက်တာမှာ သာယာချမ်းမြေ့ ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်နော်။
Post a Comment