ကျနော်၏...ညို
ဒီဇင်ဘာလအစောဆုံးမနက်တွေရဲ့ နိုးစက်သံတိတ်ဆိတ်ပြီးနောက်
မိုးရေစက်သံခပ်ကြမ်းကြမ်း တွေကြားကျနော်အပြေးအလွှား ရုံးသွား
နေရင်းသူမကို ကျနော် အမှတ်ရသည်။သူမနာမည်မှာ မြခွါညိုဖြစ်သည်။
တိုးတက် နေသည့် ခေတ်နှင့် လိုက်လျောညီ ထွေစွာ မ၀တ်စားဆင်ယှဉ်
တတ်သူဖြစ်သည်။သူမတွင် အလွန်ကြိုက်နှစ်သက်သော အရာမှာ မှတ်သား
ရန်လွယ်ကူလှသည်။သူမတွင် ကျနော် သဘောကျသော အချက်မှာ
ရှည်လျားသွယ်လှသောလက်ချောင်းများကကွန်ပြူတာကျွမ်းကျင်စွာမရိုက်
နှိပ်ခြင်းပင်။စကားပြောရာတွင် မဖော်ရွေး မတင်းမာသော လေသံက
ကျနော်အတွက်ဆွဲဆောင်မူအကောင်းဆုံးဖြစ်သည်။သူမသည် မိုးကို
လည်း မနှစ်သက်နွေကိုလည်းကဗျာမဖွဲ့တတ်သော ဆောင်း၏ပညက်ချက်ထဲတွင်
မကြည်လင်သော သူတစ်ဦးမဟုတ်ပေ။ရှင်းလင်းနေသည့် သူမဧည့်ခန်းက
ဧည့်သည်လာရန်မဟုတ်ဆိုသော စကားအမြဲပြောဆိုလေ့ရှိသည်။
ကျနော်သူမ ကို မေ့၍မရ မေ့ရန်မကြိုးစား ချစ်မြဲတိုင်းသာချစ်နေခဲ့သည်။
x x x မိုးတွေ.....ရွာနေပြီညို။
သည့်နောက် ကျနော်သည် စီးကရက် တစ်ဖွာရိုက်ဖွာအပြီး လေးဖြူ(BOB) မှ စာမျက်နှာ ၁၅ တွင် တသွင်သွင်းစီးမျောသွားလေတော့သည်။
1 comment:
HeY MaN, that was ur pheonomenon , once upon a time., isn't it? keeping on Crying with Nyo.
Post a Comment