မွေးနေ့အမှတ်တရ
စာကလေးရေ
လင်းတခါမှောင်တလှည့်
အနာဂါတ်တွေ
ပျော်တခါပျင်းတလှည့်
အချိန်ကာလတွေ
အောင်မြင်ခြင်းတခါ
ရှုံးနိမ့်ခြင်းတလှည့် လောကဓံတွေ
အခြွေံအရံများတခါ
အထီးကျန်ခြင်းတလှည့်ကြုံခဲ့ကြတာတွေ
ကျေနပ်ခြင်းတခါ
မျိုသိပ်ခြင်းတလှည့်ခါးသီးခဲ့ဖူးတာတွေ
ပြည့်စုံခြင်းတခါ
မွဲတေခြင်းတလှည့် ရုန်းကန်ခဲ့ဖူးတာတွေ
ကြည်နူးခြင်းတခါ
ကြေကွဲခြင်းတလှည့် ရှင်သန်ခဲ့ဖူးတာတွေ
ရယ်မောခြင်းတခါ
ငိုကြွေးခြင်းတလှည့်ခါးသီးနေ့ ရက်တွေ
တည်ငြိမ်တခါ
လှုပ်ခတ်ခြင်းတလှည့် ရင်ခုန်ခြင်းတွေ
ခိုင်မာခြင်းတခါ
ယိုင်လဲခြင်းတလှည့် မတည်မြဲတဲ့စိတ်ဓါတ်တွေ
နွေးထွေးခြင်းတခါ
အေးစက်ခြင်းတလှည့် ပြောင်းလဲခြင်းတွေ
ပုံမှန်ရှင်သန်ခြင်းတခါ
စွန့်စားခြင်းတလှည့် အကွေ့ အကောက်တွေ
ဘာလားညာလား
ခွဲခြားမရတဲ့ ထုံပေပေခံစားချက်တွေ
ဒါတွေများစွာကိုနင်ရင်ဆိုင်ကျော်ဖြတ်ရင်း
နင့်ဘ၀မှတ်တိုင်တွေစိုက်လာခဲ့တယ်နော်။
စာကလေးမ။