Saturday, September 1, 2012

အတောင်ပံတွေ ဖြန့် မပျံသန်းစေလို

ဟေ့ရောင်ရေ
နင်ထင်တာတခုမှမဟုတ်ဖူးဟ
ငါအခုအဲ့လောက်ပဲပြောနိုင်မယ်
ငါ့ဖက်က သိပ်ခက်ခဲတယ်ဟေ့

နောက်ပီး ဖုန်းခေါ်ချိန်ဆို အင်တာနက်သုံးမရဘူး
အိမ်ကလူတွေက တနေကုန်နီးပါးသုံးနေတာဟ
ငါဒီနေ့ လည် ဖုန်း ကတ်ဝယ်မယ်
မနက်ဖန်လောက်ဆို ၇ပီနော်

ငါနင့်ကို ညက မိုးတွေရွာတော့ပိုသတိရတယ်
နင်ကတော့ င့ါကို မေ့ပီး နေနိုင်မှာပါ
ငါ့ကိုဒီလိုအကြာကြီးထားမယ်ဆိုရင်တော့ ငါ မနေနိုင်ဘူးဟာ
ငါကြိုပြောတယ်နော်။

ငါအခန်းတခန်းလောက်၇ှာမှဖစ်မယ်
မနေ့ ကငါအပြင်သွားတယ်
ပြန်လာတော့မိုးတွေရွာမှောင်မဲမီးကမလာ
ပြောစရာတွေရှိတယ်ဟ
အိမ်မှာ စကားပြောရတာ အင်တာနက်သုံးရတာ လုံးဝ မလွတ်လပ်ဖူးဟာ


ငါ့ဖုန်းရရင်နင့်ကိုအရင်ခေါ်ပါ့မယ်
ငါထပ်ပြောမယ် မောင်ရေ..
(ငါနင့်ကို ညက မိုးတွေရွာတော့ပိုသတိရတယ်
နင်ကတော့ င့ါကို မေ့ပီး နေနိုင်မှာပါ
ငါ့ကိုဒီလိုအကြာကြီးထားမယ်ဆိုရင်တော့ ငါ မနေနိုင်ဘူးဟာ)
မနေ့ ညက နင်အွန်လိုင်းတက်လာတော့ ငါ့အမကြီးက ငါ့အနားမှာ ဟ
ငါစာရိုက်တာထိုင်ကြည့်နေတယ်
သူ့ ကျန်းမာရေးကိတ်စကို သူ့ ညီမနဲ့ မေးဖြေလုပ်ပေးနေတာ
တူအငယ်ကလဲ ဘေးမှာကပ်နေပီး ရေးသမျှလိုက်ဖတ်နေတာ
ဒီလောက်ဆိုနင်နားလည်မှာပါ
ငါ ခဏကပဲနင့်ဖုန်းကိုမစ်စ်ကောလုပ်သေးတယ်
မရတာနဲ့  ငါအခုဖုန်းကတ်ကိုဖြုတ်ပီး အင်တာနက်သုံးနေတာ။
ငါနင့်ကိုလွမ်းတယ်

အဆင်မပြေတာကြာလာရင် ငါသီးခံနိုင်မယ်မထင်ဘူး
နင်သိထားဖို့ က ငါနေရတာလုံးဝ အဆင်မပြေဘူး
ငါလမ်းတခုခုရှာမှရတော့မယ်။
ဒါပဲဟာ..နင့်ကိုညီးပြတာမဟုတ်ပါဘူး
ငါလုံးးးးးးးးးးဝကို အဆင်မပြေဘူး
ချစ်တဲ့

နင့်ကြောင့် မပျံသန်းနိုင်အောင် အတောင်တွေသိမ်းထားတဲ့ စာကလေးမ

No comments: