Monday, July 9, 2012

SPARROW တစ်ကောင်ရဲ့ ရောက်တတ်ရာရာခံစားချက်များ

SPARROW တစ်ကောင်ရဲ့ ရောက်တတ်ရာရာခံစားချက်များ

စာခလေးမ ရေ....
ငါတို့ဒီနေ့ ဘုရားစုံဖူးကျတယ်နော်....
ည ရောက်တော့ မင်းငိုတယ်...
ခွေးတွေလဲ အူလိုက်ကျတာ
အောင်နက်တို့ ဘိုဖြူတို့ပါမယ်ထင်တယ်ကွ...
အဲ့ညက ဟန်ဆောင်ကောင်းခဲ့ပေမဲ့
အမှန်တော့ ငါလည်းသရဲကြောက်တယ်ကွ

ဘာမှန်းမသိ ပူလောင်သောကတွေနဲ့
ဘုရားသွားဖြစ်တယ်ဟ
ခုနကပဲ ရွှေတိဂုံဘုရားပေါ်ကနေ
သုံးကြိမ်မြောက် မင်းဆီဖုန်းခေါ်လိုက်သေးတယ်ကွ
ငါ့ဖုန်းမှန်းမင်းသိတာ့ ဖုန်းကို
ချစ်ပစ်လိုက်တဲ့အခါ လူကြီးမင်းဖုန်းက မအားသေးပါဘူးဆိုတဲ့
မိန်းမရဲ့ အသံက ငါ့  ကို လှောင်ရီနေသလိုပဲကွာ......

ဒါနဲ့လေ...
ငါ မနက်မနက် ခိုလေးတွေအစာကျွေးနေကျ
တနေ့
နေ့လည်လောက် ပြတင်းပေါက်ကနေ
ငါအောက်ငုံကြည့်လိုက်တော့
ခိုကလေးတစ်ကောင်လမ်းပေါ်မှာ
သေနေတာကြည့်ရင်းက
ဝမ်းနည်းလိုက်တာဟာ.....
မဖော်ပြတတ်တဲ့ ခံစားမူ့မျိုးနဲ့
အရမ်းစို့နင့်တယ်....
အမှန်က နင်ငါ့ကို မုန်းတီးသွားတာကို....
နင် မုန်းတာကို ခံနိုင်တယ် နင်ပစ်သွားတာကို မခံနိုင်ဘူးဟ။
တနေ့ငါပြိုလှဲ ကြ တဲ့အခါ
နင်တစ်ချက်လောက်တော့ စောင်းငဲ့ကြည့်လှည့်ပါနော်။

ချစ်လွန်းတဲ့   sparrow  ။

1 comment:

Unknown said...

ကမ္ဘာမြေ သာယာပါစေ.ကမ္ဘာမြေအေးချမ်းပါစေလို့
ပြောတာလဲဒီလူဂျီးပဲ...မပူပူရအောင်မီးနဲ့ ရှို့ နေတာလဲ
ဒီလူဂျီးပဲ။ ပြသနာမရှိရင် ပြသနာရအောင်ရှာလာတတ်တာလဲ..ဒီလူဂျီးပဲ။
ယုံချင်ယုံမယုံချင်နေကြ..ဒါဟာအမှန်တရားပဲ။
ပုံ...စာကလေးမ။