Tuesday, December 2, 2008
“ကျွန်တော်မုန်းတဲ့ ကျွန်တော့်အကြောင်း (၁ဝ)ချက် ”
(၁) ကမ္ဘာကြီး ပျက်တော့မည် ကြားသဖြင့် ပျော်ရွှင် နေခြင်း။
(၂) မြန်မာစာကို မြန်မာလို တိုက်ရိုက် ဘာသာပြန်ဆိုရာတွင် ဆိုလိုရင်းမရောက်ခြင်း။
(၃) ဤသို အရည်အချင်းအပြည့်အစုံနှင့် ဘာမှလည်း မသိ ဘာမှလည်းမတတ်ပါပဲ လက်ဆော့ပြီး ဘလော့်ဂါ မိခြင်း။ :D
(၄) ပတ်ဝန်းကျင်က ကျွန်တော် နှင့် အဆင်ပြေအောင် လာမပေါင်းသင်း ကျခြင်း။
(၅) ရုံးပိတ်ရက် ဆိုလျှင်အမြင်ကပ်ချင်စရာကောင်းလောက်အောင် မနက်ဆို အစောကြီးနိုးနေတတ် မျက်စိ ပွင့်နေတတ်ခြင်း။
(၆) ကြိုက်ပါလျက် ကြောက်ကြောက်နှင့် သဲထိတ်ရင် ဖို ဒေဝေါး ကားများ အငမ်းမရကြည့်ခြင်း။
(၇) အလုပ် လုပ်လျှင် စာဖတ်လျှင် အိပ်ဆေးစားထားသကဲ့သို့ မထိန်းနိုင် မသိမ်းနိုင် အိပ်ငိုက်ခြင်း။
(၈) အလွန်တရာ မေ့တတ်ဟန်ဆောင်တတ်သော ကျွန်တော်၏ စိတ်က ချေးငှားထားသော သူများအကြွေးများပေးရန်မေ့နေတတ်ခြင်း။:D
(၉) အထက်ပါ အကြောင်းအရာများ ပြည့်စုံပြီး စိတ်သဘောထား အလွန်းကောင်းသူ သူတစ်ပါးအား ချောက်ချရမည် ဆိုလျင် ပျော်နေတတ်သည်။
(၁၀) “မုန်းစရာကြီး.....မုန်းစရာကြီး”ဤသို့ မုန်းစရာ များ ကိုယ်တိုင်ရှာ မိသော် ၁၀ ချက်မက ကျော်သွားနိုင်ပေသည်။
ကျေးဇူးတင်လွှာ။
ယခုကျွန်တော် ဒီဘလော့်လေးကို စမ်းသပ်နေစဉ် အတွင်းမှာပဲ ကျွန်တော့်ကို ပွဲထုတ်ပေးတဲ့ ဘလော့်ဂါ နိုင်းနိုင်းစနေ ဆီ မှ ဒီခေါင်းစဉ်ပါ tag လေးတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဘလော့်ဂါ ဆရာကြီး ဆရာမကြီးများ၊ညီအစ်ကိုမောင်နှစ်မများရဲ့ ခင်မင်မှု့ အသိအမှတ် လေးများတွေ့ ရသည့် အတွက် လှိုက်လှဲစွာ ၀မ်းသာဂုဏ်ယူပါတယ်။
အားမနာတမ်း ပြစ်တင်ဝေဖန်နိုင်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်။
ပျော်ရွှင် နိုင်ကျပါစေ။
ဟိန်းဇော်မောင်
Subscribe to:
Post Comments (Atom)
8 comments:
ပထမဦးဆုံး အချက်ကို သဘောကျသွားတယ်
ကမ္ဘာကြီးပျက်မှာကို ပျော်တာ အဖော်ရသွားပြီဗျာ
အားပေးလျက်ပါ အဆင်ပြေပါစေ
ကိုယ်အပြစ် ကိုယ်သိတော့ ပြောရမယ့်သူ
ပါးစပ်ညောင်းသက်သာတာပေါ့ကွယ်...
:D
ငယ်ချင်း လုပ်သမျှ အားလုံး GOOD
"မုန်းစရာကြီး...မုန်းစရာကြီး" ထောက်ခံပါ၏... :P
ပေါတောတော အကျင့်ကို မမုန်းတာ တော်သေးတယ်
ပေါတောတောကြီးကို စရတာ ပျော်လွန်းလို့..
ဟား..ဟား....
ရှဲရှဲ့ ဟိန်းဇော်မောင်ရေ
နိုင်းနိုင်းစနေနဲ့တော့ နင်လူပေါင်းမှားပြီ :D
ဟာ ဟ ဒါတောင် အစွမ်းကုန် မမုန်းရသေးဘူး...
အားလုံးကျေးဇူး
ကောင်မလေးတွေမြင်ရင် ငမ်းတတ်တာလဲ ထည့်ပြောဦးလေ။ :P
Post a Comment