Tuesday, December 30, 2008

အဆုံးရဲ့ ပထမနေ့


လေနှင်ရာ မျောပါတတ်တဲ့
ခပ်ညံ့ညံ့ သစ်ရွက်အချို့
အဲဒီနေ့က မိုးမရွာ
လျှပ်စီးမလျပ် ပါပဲ
ထင်ကျန်ခဲ့တဲ့ နံရံထက်က
ပင့်ကူခြေရာတွေ...
ငါဟာ တစ္ဆေသရဲ တစ်ကောင်နဲ့
ညအတူရှိတုန်း.......
ငါ့ နှလုံး သွေးဆာလောင်မူကို
ဖောက်ခွဲ ထုတ်လိုက်တဲ့
မင်းရဲ့ခါးသက်သက်အပြုံး.....။

ငါ့မျက်ဝန်းအိမ်ထဲတိုး ၀င်လာတဲ့
မင်းလှောင်ရီသံအချို့ နဲ့
ကြွေလွင့်နှင်းဆီချေရာ
နေ့ရက်တွေထဲ ငါမုန်းတဲ့ တစ်ရက်တိုးလာခဲ့ပေါ့.......

ငါ့သိပ်မုန်းတဲ့ အဲဒီနေ့
စုတ်ဖြဲလိုက်တဲ့ ပြက္ခဒိန်က အဲဒီနေ့တွေ
ကျေးဇူးပြုပြီး
ငါ့ဆီတစ်ခါပြန်မလာပါနဲ့တော့......။

1 comment:

pollarster said...

:P ... ဟိဟိ... ဟဲဟဲ... ခံစားတတ်ဝူး... ဒါပေမဲ့ ဖတ်လို့ ကောင်းတယ်... ရေးသာရေး.. ဖတ်ပြီးသားပဲ...